လက်ပံတန်းမြို့နယ်တွင် မီးဘေးသင့်နေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေပေးအပ်
Sep 25,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မင်းရပ်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းကြိုင်၏ နေအိမ်တွင် ယမန်နေ့ နံနက်ပိုင်းက လျှပ်စစ်ဝါယာရှော့ဖြစ်၍ နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးမှုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း များကို ယမန်နေ့ညနေက ထောက်ပံ့ပေးအပ်ခဲ့သည်။