ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားကတ်နှင့် အိမ်ထောင်စုစာရင်းများကွင်းဆင်းဆောင်ရွက်ပေး

ဖျာပုံ   ဇွန်     ၂၃

ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ် ချောင်းတွင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်လွင်နှင့်ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ချောင်းတွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး ၌ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်းသိရ သည်။

ထိုသို့ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ(၂၃)ရက်နေ့အထိ အသက် (၁၀) နှစ်ပြည့် နှင့်အသက် (၁၈)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူ ၊ပျောက်ဆုံး၊ပျက်စီး၊ လဲလှယ်၊ မိတ္တူ ပြုလုပ်ပေးသူစုစုပေါင်း (၁၉၀)ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်း (၇၀)ဦးတို့ကို ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်းသိရှိရသည်။

ဖျာပုံမြို့နယ်တွင် ရပ်ကွက်(၁၉)ခုနှင့် ကျေးရွာအုပ်စု (၄၃)အုပ်စုရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ရပ်ကွက် (၅) ခု ၊ ကျေးရွာအုပ်စု (၂)အုပ်စုအား ပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ သိရှိရသည်။

အောင်ဝင်းနိုင်