မိုင်းဖြတ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

မိုင်းဖြတ် ဇွန် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ် “သတင်းစကား”လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က အထက(မိုင်းဖြတ်)ကျောင်းတွင် ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ဖြန့်ဝေပေးရာတွင် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဒေါ်နန်းကောင်ခမ်းနှင့်ဝန်းထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ထုတ်ဝေသည့် “သတင်းစကား” လမ်းကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ၊ မြို့မစျေးရှိ စျေးသည်များ၊ တက္ကစီ(TAXI)များနှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှု သည့် စာဖတ်ပရိတ်သတ်များကို(အခမဲ့) ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းသည့်နည်းလမ်းများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ ဆောင်ပုဒ်များ၊ ကဗျာနှင့် ကာတွန်းတို့ ပါဝင်သည်။

သန်းထွန်းအေး(ပြန်/ဆက်)