မြင်းခြံ ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ဦးစီးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်သွယ်သွယ်စိုးက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ပါ အခန်း(၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်ကို လည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်ထွေးလဲ့ဇင်ငြိမ်းက အခန်း(၂) ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ သတ်မှတ်ချက်များကိုလည်း အသီးသီး တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက သိရှိနားလည်သည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြင်းခြံခရိုင် ပြန်/ဆက်