လှိုင်းဘွဲမြို့နယ်တွင် ယဉ်ကျေးလိမ္မာ/ဓမ္မစကူးလ်သင်တန်းဆင်းပွဲကျင်းပ

လှိုင်းဘွဲ  ဇွန်  ၂၃

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင်  ဟိတဓရဖောင်ဒေးရှင်း(ခွဲ) အစီအစဉ်ဖြင့် ဖွင့်လှစ်သင်ကြားသော ယဉ်ကျေးလိမ္မာ /စမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တောရပရိယတ္တိစာသင်တိုက် ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နာမောတသသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး သံဃနာယကအဖွဲ့အကျိုးတော် ဆောင် မဲဆမိတ်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒရက ဩဝါဒမြွက်ကြားခဲ့သည်။

ထို့နောက် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ဓမ္မစကူးလ်သင်တန်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး လှိုင်းဘွဲမြို့နယ် ခေတ္တအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်လတ်က သာသနာရေး ဆိုင်ရာများ လျှောက်ထားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ယဉ်ကျေးလိမ္မာ/ ဓမ္မစကူးလ်သင်တန်းတွင် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်းနှင့် သင်တန်းနည်းပြဆရာတော်များ၊ ဆရာ/ ဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)