ညောင်လေးပင် ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် မြို့မ(၁)ရပ်ကွက် ကန်တော်ဦး(၂)လမ်းရှိ အခြေခံပညာ မူလတန်း (လွန်) ကျောင်းအား ယာယီပိတ်ထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းတွင် ဆရာ/ဆရာမ (၅)ဦး၊ ကျောင်းသူ/ကျောင်းသား (ကျား-၁၄ ၊ မ-၁၆)ရှိရာမှ မူပြဆရာမ ဒေါ်နန်းလှိုင်လှိုင်ထွန်းတွင် ဇွန်လ ၂၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ သဖြင့် ထိုမူလတန်းလွန်ကျောင်းအား ဇွန်လ ၂၂ ရက်နေ့မှစ၍ ယာယီပိတ်ထားလျက်ရှိကြောင်း သိရသည်။
ယခုအခါ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၃ ဦးအထိ ရှိလာပြီဖြစ်ရာ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။