ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည့်း Mask များအခမဲ့ဖြန့်ဝေ

 

လွိုင်လင်         ဇွန်    ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီက မြို့မဈေးကြီး နှင့် နာရီစင်အနီး မင်းလမ်းပေါ်တွင် နှာခေါင်းစည့်း Mask   များအခမဲ့ဖြန့်ဝေ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ နှာခေါင်းစည့်း Mask  များအခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲမှူး မိုးကျော်ဟိန်း နှင့်တပ်ဖွဲ့ဝင်များ ၊ ကျန်းမာရေးဌာနမှ ဒေါက်တာဇော်လင်း နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ၊ မှးသတ်တပ်ဖွဲ့ဝင်များ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း ပူးပေါင်း အပြင်ထွက်တိုင်း နှာခေါင်းစည့်း Mask

စနစ်တကျတပ်ဆင်ရေး အသိပညာပေးခြင်း များဆောင်ရွက်ပြီး နှာခေါင်းစည့်း Mask  အခုရေ(၁၀၀၀)ကျော်အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မိုးလွင်ဦး(လွိုင်လင်)