သတင်းများ

ကမမောင်းမြို့၌ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးအတွက် နှာခေါင်းစည့်း Mask   များအခမဲ့ဖြန့်ဝေ
Jun 24,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ လူစည်ကားရာနေရာများ ဖြစ်သော သံလွင်ဦးမြို့မစျေးဝင်း၊ ကားဂိတ်နှင့်မြို့တွင်းလမ်းဆုံနေရာများတွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအဖြင့် ယနေ့နံနက် ( ၉)နာရီတွင် ပြည်သူများအား နှာခေါင်းစည်း mask များကိုအခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထားဝယ်မြို့၌ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကျင်းပ
Jun 24,2021
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုး သမီး ဘော်လီဘောပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများအား မူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်(၁၁)နာရီခန့်တွင် မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများအရောက် မူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ ဖြန့်ဝေခဲ့သည်။
ရန်ကင်းမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်း ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 24,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မိုးရာသီတွင်ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှုမဖြစ်ပေါ် စေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် အတွက် ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းကို အပါတ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ်(၁၆)ရပ်ကွက် ​ မြောက်​မြင်းပြိုင်ကွင်းလမ်း ရှိရေမြောင်းများအတွင်း အမှိုက်များ၊ နုံးများ ဆယ်ယူရှင်းလင်းနေမှုနှင့် လူသွားစင်္ကြံပေါ်တွင် ကျန်ရှိ သည့်သဲများ၊ နုံးများ ပြန်လည်ဆေးကြောနေမှု လုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်း ရှင်းလင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်၌  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှု  တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 24,2021
မူးယစ်ဆေးဝါးသည် လူညွှန့်တုံးသည်အထိဖြစ်စေနိုင်သဖြင့် မူးယစ်ဆေးဝါးကို စတင်အသုံး မပြုမိအောင် သတိပြုရှောင်ကြဉ်ကာ အနာဂတ်ပန်းများ ပွင့်လန်းစေရန် ရည်ရွယ်၍ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ (၂၆)ရက် နေ့တွင် ကျရောက် မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင် များအား အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉နာရီခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက် ခဲ့ပါသည်။
ဓနုဖြူမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပ
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နေ့လည် ၂ နာရီ အချိန်က ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
မအူပင်မြို့တွင် ၂၀၂၁ခုနှစ်အားကစားဖွံဖြိုးတိုးတက်ရေးအစီအစဉ်(TSDP)ဖြင့် ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP)အရ ကျင်းပပြုလုပ်သော အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲနှင့်Fitness Dance ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄း၃၀နာရီအချိန် အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်းရှိ စားပွဲတင်တင်းနစ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
မိတ္ထီလာတွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
မိတ္ထီလာမြို့ အထက(၂)ရှိ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများထံသို့ ၂ဝ၂၁ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်၈နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။