သရက်ခရိုင်၊ ကံမမြို့တွင် သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကံမ ဩဂုတ် ၁၂

မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် ရောင်းချလျက်ရှိသော မုန့်ဆိုင်များ၊ ကုန်မျိုးစုံဆိုင်များနှင့် စတိုးဆိုင်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ    စားသုံးရန်မသင့်ကြောင်း သတ်မှတ်ထား သည့် စားသောက်ကုန်များနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိကို သရက်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါ ဆိုင်များ၌ ရောင်းချလျက်ရှိသော စားသောက်ကုန်များအနက်မှ စားသုံး ရန်မသင့်သည့် သက်တမ်းလွန်စားသောက်ကုန်များ၊ မုန့်နှင့်အချိုရည်များအား သိမ်းဆည်းပြီး တစ်ပါတည်း ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။

ကျော်ဇေယျဝင်း(ကံမ)