အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မြောင်းမြ  သြဂုတ်  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်ကျေးရွာ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်ဖြင့် မြောင်းမြမြို့နယ် လူငယ်ရေးရာကော်မတီနှင့် ဟိန္ဒူလူငယ်များအသင်း ပူးပေါင်း ဆောင်ရွက်သည့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက မြစိမ်းရောင်သာသနာ့နယ်မြေ၌ စိုက်ပျိုးခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ ခရိုင်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သန်းကိုနှင့် ဝန်ထမ်းများ၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးနော်ဝင်း၊ မြောင်းမြမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇာနည်တင့်၊ ပြန်/ဆက် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ကေခိုင်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ ဦးစိုးမိုးနှင့် အဖွဲ့ဝင်များနှင့် ဟိန္ဒူလူငယ်များ အသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ပျဉ်းကတိုး(၁၂၀)ပင်၊ ကျွန်း(၁၀)ပင်၊ ကံ့ကော်(၂၀)ပင်၊ ကညင်(၂၀)ပင်၊ ခရေ(၁၀)ပင်၊ စိန်ပန်း(၂၀)ပင်၊ စုစုပေါင်း(၂၀၀)ပင်တို့အား စုပေါင်းစိုက်ပျိုး ပေးခဲ့ကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)