မော်လမြိုင် ဩဂုတ် ၁၂
မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကော်မတီက သဘာဝ ဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ဩဂုတ်လ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ မော်လမြိုင်မြို ့နယ်အတွင်း ယခင်နှစ်ကရေကြီးခဲ့သောနေရာများနှင့် ရေကြီးနိုင်သောနေရာများသို့ ကွင်းဆင်း၍၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့သော အကြောင်းအရင်းများ ရှာဖွေဖော်ထုတ်နိုင်ရေး၊ ဒေသခံ ပြည်သူများ၏ အသံများရယူရေး ကွင်းဆင်းလေ့လာပြီးရရှိလာသော အချက်အလက်များကို ပြည်နယ် လွှတ်တော်သို့ ပြန်လည်တင်ပြနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ ထံမှသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မွန်ပြည်နယ်လွှတ်တော်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် ရေးအစည်းအဝေးကို ဩဂုတ်လ ၆ ရက်နေ့က ကျင်းပခဲ့ပြီး မော်လမြိုင်မြို့ နယ်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအခြေအနေနှင့် သဘာဝဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း အခြေအနေများကို ကွင်းဆင်းလေ့လာရေးနှင့်စပ်လျဉ်းပြီး ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြောင်း ရရှိလာသည့် အချက်အလက်များအပေါ် လိုအပ်သည်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်မှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)