မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် Grade-4 စတုတ္ထတန်း သင်ရိုးသစ်သင်ကြားမှုဆိုင်ရာ သင်တန်းမှဆရာ၊ ဆရာမများအား ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါး(MFD)လေ့ကျင့်ခန်းများ သင်ကြားပြသ

ငဖဲ ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်းပြီး ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက်ခြင်းဖြင့် ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ပြီး ကျန်းမာရေး ကောင်းမွန်စေရန်ရည်ရွယ်၍ ယမန်နေ့ညနေပိုင်းက ငဖဲမြို့ အခြေခံပညာမူလတန်းကျောင်း၌ ဖွင့်လှစ်သော Grade-4 စတုတ္ထတန်းသင်ရိုးသစ် သင်ကြားမှု ဆိုင်ရာသင်တန်းမှ ဆရာ၊ ဆရာမများအား ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး (MFD) လေ့ကျင့်ခန်းများ သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားနှင့် အကြောလျော့နည်းများ သင်ကြားပြသရာတွင် ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူးဒေါ်နန်းသီတာထွေးမှ အားကစား လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အားကစား လေ့ကျင့်ခန်းပြု လုပ်ပုံများကို အသိပညာပေး ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူးနှင့် မြို့နယ် အားကစားDance အဖွဲ့(၅)ဦးမှ ဆရာ၊ ဆရာမ များအား Myanmar Fitness Dance အားကစားလေ့ကျင့်ခန်းများနှင့် ခန္ဓာကိုယ် အကြောလျှော့နည်းစနစ်များကိုစနစ်တကျ သင်ကြား ပြသပေးခဲ့ရာ ဆရာ၊ ဆရာမ ( ၆၀ )ဦးက စိတ်ပါဝင်စားစွာ လေ့ကျင့် သင်ယူကစားခဲ့ကြ ကြောင်း သိရသည်။

မယု(ငဖဲ)