လမ်းမတော်မြို့နယ် UMFCCI  တွင် UMFCCI Webinar Series Episode (9) အား ဩဂုတ် ၁၄ ရက်နေ့တွင် Live Streaming အဖြစ် တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး ကြိုတင် မေးခွန်းများ ပေးပို့နိုင်

လမ်းမတော် ဩဂုတ်  ၁၂

လမ်းမတော်မြို့နယ်  UMFCCI  တွင် UMFCCI မှ ရိုက်ကူးတင်ဆက်ထုတ်လွှင့်သွားမည့် UMFCCI Webinar Series: New Beginnings through Renewed Partnerships ကို သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ ပညာရှင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၏ အကြံဉာဏ်၊ အတွေးအမြင်၊ အယူအဆ များကို တင်ဆက်သွား မှာ ဖြစ်ပြီး ယခု Episode 9 မှာ ဆွေးနွေးရန် ပါဝင်လာသည့် ပုဂ္ဂိုလ်များမှာ ဦးရဲမြင့်မောင် (Managing Director, Myanmar Belle Co., Ltd), ဒေါက်တာ ခင်မောင်ဦး (General Secretary, Myanmar Industries Association), ဦးခင်မောင်မြတ် (Managing Director, San Kaung Bag Industry Co., Ltd) တို့ ဖြစ်ကြသည်။

အဆိုပါအစီအစဉ်တွင် Moderator အဖြစ် ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေ ထွေအတွင်း ရေးမှူး ဒေါက်တာအောင်သိန်းမှ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။

ယခုဆွေးနွေးပွဲ၌ ကိုဗစ်နှင့်ကိုဗစ်အလွန်ကာလတွင် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုကဏ္ဍများ၊ သွင်းကုန် အစားထိုးလုပ်ငန်းနှင့် CMP လုပ်ငန်းကဏ္ဍများနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမှာဖြစ်ပြီး  ထူးခြား သည်မှာ UMFCCI Facebook Page မှ Live Streaming အဖြစ် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေး သွားမည် ဖြစ်ပါသည်။

ပါဝင်ဆွေးနွေးပေးမည့် ပုဂ္ဂိုလ်အားမေးမြန်းလိုသည့် အချက်အလက်များ၊ မိမိတို့၏ အတွေးအမြင်၊ အယူအဆများ၊ အကြံပြုလိုသည်များနှင့် မေးမြန်းလိုသည်များရှိပါက ယနေ့ ညနေ- ၄:၀၀ နာရီအထိ UMFCCI Facebook Page Messenger မှတဆင့် ပေးပို့နိုင်ပြီး ဖော်ပြထားသည့် ၁၄.၈.၂၀၂၀ ရက် (သောကြာနေ့ ညနေ - ၃:၀၀ နာရီ) တွင် စောင့်မျှော် ကြည့်ရှု နိုင်ပါကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်