သတင်းများ

သောက်ရေရှားပါးသည့် ရွာသစ်တောင်ကျေးရွာသို့ ရေဂါလံ ၁၂၀၀လှူဒါန်း
Jun 24,2021
မန္တလေးတိုင်းဒသကြီး ညောင်ဦးမြို့နယ် သောက်ရေရှားပါးသည့် ရွာသစ်တောင် ကျေးရွာသို့ သောက်ရေသွားရောက်လှူဒါန်းခြင်းအား ယနေ့နံနက် ၉နာရီအချိန်က အေးမေတ္တာ သောက်ရေအလှူတော်အသင်းမှ ရေဂါလံ ၁၂၀၀သွားရာက် လှူဒါန်းခဲ့ကြောင်း သိရသည်။
တုံတာမြို့တွင် မိခင်များ‌ထောက်ပံ့ရေး အာဟာရဆိုင်ရာသင်တန်း ဖွင့်လှစ်
Jun 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တုံတာမြို့တွင် မိခင်များထောက်ပံ့ရေး အာဟာရဆိုင်ရာ သင်တန်းကို တုံတာမြို့၊ ပန်နောင်လုံကျေးရွာအုပ်စု၊ ပန်နောင်လုံကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင်  ယမန်နေ့မှ စတင်၍ ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
၂၀၂၁ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီကရမည်းသင်းမြို့အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း(မြို့မ) ဓမ္မာရုံတွင်ကျင်းပရာ
ပင်လည်ဘူးမြို့၌ ၂၀၂၁ ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့တွင် သစ်တောသစ်ပင်စိမ်းလန်းစို ပြေစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုမျှတ၍ ဂေဟစနစ်များ ကောင်းမွန်လာစေရန် ရည်ရွယ်ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ မိုးရာသီလူထုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ပင်လည်ဘူးမြို့ မိုးကောင်းရပ်ကွက်ရှိ မြေနေရာလပ်၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင် များ အခမဲ့ဖြန့်ဝေ
Jun 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊ မိုးနဲ မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၁ခု နှစ် ဇွန် လ၂၆ရက်နေ့တွင်ကျရောက် မည့်  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့  နံနက်ပိုင်းအချိန် က အခြေခံကျောင်းများမှ ကျောင်းသူ/ ကျောင်း သား  များ နှင့်ဆရာ ဆရာမများ ဌာနဆိုင်ရာများကို စိတ် ကိုပြောင်းလဲစေတတ်သော မူးယစ်အန္တရာယ် သိရှိစေရန်ရည်ရွယ်၍ အခမဲ့သွားရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ဧက ၄၇၅ ဧကနှင့် အထူးဇုံစိုက်ဧက ၆၃၅ ဧက စိုက်ပျိုးသွားမည်
Jun 24,2021
မိတ္ထီလာခရိုင်အတွင်းရှိ ဒေသခံတောင်သူများ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး Quick Win အစီအစဉ်ဖြင့် မိုးနှောင်း ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ဧက ၄၇၅ ဧကနှင့် တိုင်းဒေသကြီး အစီအစဉ်ဖြင့် မိုးနှောင်းချည်မျှင်ရှည်ဝါအထူးဇုံစိုက်ဧက ၆၃၅ ဧကတို့ကို စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အောင်မြေသာစံမြို့နယ်တွင်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်ရှိ ကျေးရွာ နှစ်ရွာတွင် VDP စီမံကိန်းရန်ပုံငွေဖြင့် ရွာတွင်းကွန်ကရစ် လမ်းခင်း ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jun 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဆည်ကြီးရွာဟောင်းနှင့် ဆည်ကြီးရွာသစ် ကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကျေးရွာပြည်သူများကိုယ် တိုင်ဆောင်ရွက်ခဲ့သော ရွာတွင်းလမ်းများကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဒေါ်ငုဝါဆန်းနှင့်ဌာန အင်ဂျင်နီယာတို့ ကွင်းဆင်းစစ်ဆေးချက်အရ သိရသည်။