ကျိုက်မ​ရော၌ ​ဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်း ဒုတိယအကြိမ်ဖွင့်လှစ်

ကျိုက်မ​ရော သြဂုတ် ၁၂

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရော မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာနနှင့် (UNDP) တို့မှ ပူးပေါင်းဖွင့်လှစ်​သော သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ယ​နေ့နံနက် ၉ နာရီက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ (​​ရွှေဟင်္သာ)ခန်းမ၌ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်သဘာဝ​ဘေးစီမံခန့်ခွဲမှူ ​ကော်မတီဥက္ကဋ္ဌ ဦး​ကျော်မြင့်က သဘာဝ​ဘေးအန္တရာယ် အများဆုံး​​ တွေ့ကြုံဖူးသော ကျိုက်မ​ရောမြို့နယ်အတွင်းရှိ​ ကျေးရွာ များအတွက် ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း​​ပြောကြားခဲ့သည်။ထို့​နောက် မွန်ပြည်နယ်သဘာဝ​ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု  ကော်မတီ (UNDP) မှ တာဝန်ခံ​ဒေါ်နီနီလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း​ ပြောကြားသည်။

ယ​​နေ့ဖွင့်လှစ်​​သော သင်တန်းသို့ ကျိုက်မ​ရောမြို့နယ်အတွင်းရှိ​ ကျေးရွာများမှ  စေတနာဝန်ထမ်း (၂၅) ဦး တက်​ရောက်ခဲ့ပြီး သင်တန်းကာလမှာ သြဂုတ်လ (၁၂) ရက်​နေ့မှ ၁၄ ရက်​နေ့အထိ သုံးရက်ကြာ စာ​​တွေ့ လက်​တွေ့ သင်ကြားပို့ချသွားမည်ဖြစ်​ကြောင်းနှင့် ယခုသင်တန်းမှာ ဒုတိယအကြိမ်ဖြစ်​ကြောင်း မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာနမှ သိရသည်။

ချိုချို (ပြန်/ ဆက်)