မရမ်းကုန်းမြို့နယ် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ လွတ်လပ်၍တရားမျှတ သော ရွေးကောက်ပွဲဖြစ်စေရေးတို့နှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းတွေ့ဆုံပွဲကျင်းပ

မရမ်းကုန်း သြဂုတ် ၁၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ် စေရေးတို့နှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးဘမျိုးသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၊ တိုင်းဒေသကြီးလူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ တက်ရောက်ကြပြီး မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေး၊ ဘက်မလိုက်သော ဆောင်ရွက်ချက်များဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး၊ အခက် အခဲများ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)