သတင်းများ

ကြံခင်းမြို့နယ် လူမှုရေးဝန်ထမ်းဦးစီးဌာနမှအသက် (၈၅)နှစ်နှင့်အထက် ဘိုး/ဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကြံခင်းမြို့ဧရာဦး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည်ပြည်ဆိုင်ရာ မူးဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့်ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေး နှင့်ပြည့််သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်ခန့်ကအမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အသစ်ဆောက်လုပ်မည့် မြို့ဝင် စစ်ဆေးရေးဂိတ် နေရာအား ကြည့်ရှုစစ်ဆေး
Jun 24,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များ ဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီးအောင်ကျော်စိုး၊ ဒုတိယရဲမှူးကြီးစိုးပိုင်၊ ဦးကျင်ဝမ်းနှင့် အတွင်းရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက်(၁၁)နာရီ အချိန်က ဟိုပန်မြို့တွင် အသစ်ဆောက်လုပ်မည့် မြို့ဝင်စစ်ဆေးရေးဂိတ်နေရာအား သွားရောက်ကြည့်ရှု စစ်ဆေးရာ  ဟိုပန်ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ ဦးလင်းအောင်မှ ဆောက်လုပ်မည့်အတိုင်းအတာနှင့် အစီအစဉ်များကိုရှင်းလင်းတင်ပြခဲ့သည်။
တနင်္သာရီမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက် ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။
လေးမျက်နှာမြို့နယ်တွင် ခေါင်းဆောင်မှုအရည်အသွေးမြင့်မားရေး ခေါင်းဆောင်မှု သင်တန်း ဖွင့်လှစ်သင်ကြား
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်တွင်  ခေါင်းဆောင်မှု အရည်အသွေးမြင့်မားရေး ခေါင်းဆောင်မှုသင်တန်းကို ယနေ့နံနက်(၉:၃၀)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့​သည်။
ဝမ်းတွင်းမြို့နယ်တွင်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု နှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်
Jun 24,2021
စစ်ကိုင်းတိုးဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာဈေး၌ ပြုလုပ်ခဲ့သည်။