ပုဇွန်တောင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် "အသက်နှစ်ဆယ်အရွယ်များသို့" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

 

 

ပုဇွန်တောင်   ဇွန် ၂၄

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ စာပေဖတ် ရူ့ခြင်းဖြင့် အသိဉာဏ်ပညာနှင့် ဗဟုသုတများ တိုးတက်စေရန် ရည်ရွယ်၍ ယနေ့ နံနက်၉နာရီ အချိန်က Community Centre ခန်းမတွင်ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ)​ရေးသားသော "အသက်နှစ်ဆယ် အရွယ်များသို့" စာအုပ်အား စာရေးဆရာမတင့်တယ်ခင်​မှ စစ်မှန်တဲ့မိတ်​ဆွေကောင်း ခေါင်းစဉ်ကို ဦးဆောင်ဆွေးနွေးပြီး စာရေးဆရာမညွန့်ညွန့်ကလောမှ တိုးတက်ကြီးပွားချင် သလားခေါ်င်းစဉ်ဖြင့် ထပ်မံဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာပေချစ်သူများမှလည်း အပြန်အပြန်လှန် ဆွေးနွေးခဲ့ကြပြီး နံနက် ၁၁ နာရီတွင် စာဖတ်ဝိုင်းကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြတ်သီရိခိုင်