သတင်းများ

မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 24,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ အချိန်က မြင်းခြံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် တောင်သူလယ်သမားများသို့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့် မြို့နယ်တွင် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများထံသို့ ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေးခြင်းလုပ်ငန်းများကို ဇွန်လ၁ရက်နေ့မှ စတင်ထုတ်ချေးခဲ့ရာ ဇွန်လ ၂၄ရက်နေ့အထိ ကျေးရွာအုပ်စု ၈၀ အနက် အုပ်စု ၂၀ မှတောင်သူ ၆၀၃ ဦး၏ လယ်ဧက ၄၆၇၄ ဧကအတွက် ငွေကျပ် ၇၀၁၁ သိန်းကို ထုတ်ချေးပေးပြီးဖြစ်သည်။
ပြည်မြို့နယ်ပညာ‌ရေးမှူးရုံးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလှုပ်ရှားမှု ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး  Mask Campaign ပြုလုပ်
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗိုလ်ချုပ် လမ်းမပေါ်၌ ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်ပညာရေးမှူးရုံးကဦးစီး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလှုပ်ရှားမှု  ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ခဲ့သည်။
ရမည်းသင်းခရိုင်မီးသတ်စခန်းတွင် တပ်ဖွဲ့ဝင်မိသားစုများ၏ သားသမီးများ အား ၂၀၂၁-၂၀၂၂ ပညာသင်စရိတ် (ထပ်ဆင့်)ထောက်ပံ့ပေးအပ်
Jun 24,2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် မီးသတ်ဦးစီးဌာနတွင် တပ်ဖွဲ့ဝင်မိသားစုများ၏ သားသမီးများ အား ၂၀၂၁-၂၀၂၂ ပညာသင်စရိတ် (ထပ်ဆင့်)ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ရမည်းသင်း ခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တပ်ကုန်းမြို့၌  မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းဆောင်ရွက်
Jun 24,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောခြင်း နှင့်နံရံကပ် စာစောင်များပြသဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၁နာရီခွဲက ဆရာစံရပ်ကွက်၊ မူလွန်(၂) ကျောင်းတွင် ကျင်းပသည်။
မြစ်သားမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 24,2021
မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့တွင်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရန်ကုန် အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက် ၁၁:၀၀နာရီအချိန်၌ ဌာနဆိုင်ရာများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများထံသို့ သွားရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် မင်းလွင်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ် သင်တန်း ဆင်းပွဲကျင်းပ
Jun 24,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူး၍ မင်းလွင်ကျေးရွာအုပ်စု ဝင်္ကဘာကျေးရွာတွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့ထိ (၁)လကြာ ဖွင့်လှစ် သင်ကြားပေးခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီက ဝင်္ကဘာကျေးရွာ ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။