သတင်းများ

တံတားဦးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ( Talk Show ) ကျင်းပ
Jun 24,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ တို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ( Talk Show) ကျင်းပ ကြောင်းသိရသည် ။
မြောက်ဦးမြို့နယ်တွင် ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်သက်တင်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက် အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများမရှိသေးသည့် ပြည်သူများ အား နိုင်ငံသား စိစစ်ရေး ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီ အချိန်က ရွာဟောင်းတောကျေးရွာအုပ်စု ၊အမှတ်(၃၁)လုံခြုံရေး ရဲတပ်ရင်း အစည်းအဝေးခန်းမ၌ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ယနေ့ နံနက်ပိုင်းတွင် အမာမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများထံသို့ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့သည်။
ကျောက်တံခါးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် ပြည်သူများ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ယနေ့နေ့လယ်(၁၂) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားသည့် နေရာများဖြစ်သည့် ဈေး၊ ကားဂိတ်၊ လမ်းဆုံနှင့် အခြေခံပညာ အထက်တန်းကျောင်းများတွင် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အပြည်ပြည်ဆိုင်ရာမူးဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်လက်ကမ်း စာစောင်များအားငပုတောမြို့၌ဖြန့်ဝေ
Jun 24,2021
မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် မူးယစ်ဆေးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်မည့် အကျိုးဆက် အန္တရာယ် များအား ပြည်သူများ ရှောင်ကျဉ်စေနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)မှထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့ပေါ်၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ် လမ်းဦးစီးဌာနမှ ကြံခင်း-ဆိပ်သာ-အကောက်တောင်လမ်းတွင် သစ်ပင်စိုက်ပျိုးခြင်းဆောင်ရွက်
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် လမ်းဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းက ကြံခင်း- ဆိပ်သာ- အကောက်တောင် လမ်း  မိုင်တိုင်အမှတ် ၉/၂ - ၉/၃ တွင် စိန်ပန်းပင် (၁၀၀)စိုက်ပျိုးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်၊ သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်
Jun 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင် အစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီအချိန်တွင် မြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မန့်ဟီးရိုးမြို့တွင် သုတ/ရသစာပေမျှဝေခြင်းဆိုင်ရာ အသိပညာပေး (Talk Show) အစီအစဉ် ဆောင်ရွက်
Jun 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ယနေ့ နံနက်ပိုင်းက သုတ/ရသစာပေမျှဝေခြင်းဆိုင်ရာ အသိပညာပေး (Talk Show) အစီအစဉ် ကျင်းပဆောင်ရွက်ခဲ့သည်။