လှည်းကူး ဇွန် ၂၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အကြောင်းအရာများကို အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နိုင်စေရေးအတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် အနာဂတ်ပန်းပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့ ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း အကြောင်းအရင်း ၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေး အန္တရာယ် ရှောင်ကြဉ်ဖွယ်၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ၊ မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းယှက် စသည့် အကြောင်းအရာများ ပါဝင်သည့် သတင်းစကားလက်ကမ်း စာစောင်များကို လူစည်ကားရာနေရာများဖြစ်သော ဈေး၊ ကားဂိတ်များတွင် ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။
သင်းမြတ်သော်