ချောင်းဆုံ၌ တောင်သူများအား မိုးစပါးချေးငွေဆက်လက်ထုတ်ချေးလျက်ရှိ

ချောင်းဆုံ ဇွန်   ၂၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှတောင်သူကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေး ပေးလျက်ရှိရာ  ယနေ့ နံနက် ကဒေါင်းဥ ကျေးရွာ ရှိတောင်သူ(၄၂)ဦးအား အဆိုပါဘဏ်ခွဲတွင် ချေးငွေထုတ်ပေးခဲ့ကြောင်းသိရသည်။

မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ဇွန်လ ပထမပတ်ကစတင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာတွင် ယနေ့တွင် တောင်သူ(၄၂)ဦး၊ လယ်ဧက (၂၂၃)ဧက အတွက် ထုတ်ချေးငွေကျပ်(၃၄၉)သိန်း၅သောင်းရှိပြီး ဇွန်လ ၂၄ ရက်နေ့အထိ ကျေးရွာပေါင်း (၁၀)ရွာ တောင်သူဦးရေ ပေါင်း (၄၉၈)ဦး၊ စိုက်ဧကပေါင်း (၃၀၆၁)ဧက၊စုစုပေါင်း ထုတ်ချေးငွေကျပ် (၄၅၉၁)သိန်း ၅သောင်း ထုတ်ချေးပေးခဲ့ပြီး ဖြစ်ကြောင်း မြို့နယ် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)