စလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စလင်း ဇွန်၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိ ပတ္တမြားခန်းမ၍ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် စလင်းမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးနေလင်းနိုင်က အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်သူ များနေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်နှာခေါင်းစည်းတပ်ဆင်သွားလာရေးအသိပညာပေး ဆောင်ရွက်ရန်၊ Stay at Home သတ်မှတ်ထားသောမြို့နယ်များမှ ပြန်လာသူများရှိပါက သတင်း ပေးပို့ပြီး Task Kits ဖြင့်စစ်ဆေးရန်၊ ရပ်ကွက်နှင့်ကျေးရွာများတွင် အသံချဲ့စက်ဖြင့် ပညာပေးလုပ်ငန်းရပ်များနှိုးဆော်ခြင်းများဆောင်ရွက်ရန်၊ လူစည်ကားရာနေရာများတွင် လည်း လက်ကမ်းစာစောင်များ၊ အသိပညာပေးပိုစတာများကို ချိတ်ဆွဲတပ်ဆင်ပြသထားရန် နှင့် စလင်းမြို့နယ်အတွင် ကိုဗစ်-၁၉ရောဂါလူနာမရှိသေးကြောင်း၊ လူနာများရှိလာပါက Quarantine Center များကိုလည်း ကြိုတင်ပြင်ဆင်ထားရှိစေရန်နှင့် Positive လူနာများ တွေ့ရှိပါက သီးသန့်ဆောင်များတွင်ထားရှိ ကုသဆောင်ရွက်ရန်၊ ယာယီဈေးနှင့် ဈေးတွင် ပါးစပ်နှာခေါင်းစည်းများတပ်ဆင်၍ ဝင်ထွက်သွားလာရောင်းချကြရန်တို့မှာကြားပြီးနောက် တက်ရောက်လာသူများက လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲမဖြစ်ပေါ်စေရေး လိုအပ်သည်များကို တင်ပြဆွေးနွေးကြရာ ကော်မတီဉက္ကဌမှ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ သည်။ အထိုပါဆွေးနွေးပွဲသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်တီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာဉက္ကဌများ တက်ရောက် ခဲ့ကြကြောင်းသိရှိရသည်။

မောင်လွင်(စလင်း)