ချောင်းသာမြို့၌ အနံ့ပျောက်နေသူ နှစ်ဦးအား စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ချောင်းသာ ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အနံ့ပျောက်နေသူနှစ်ဦးအား ယနေ့နံနက်ပိုင်းက စစ်ဆေးခဲ့ရာ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိကြောင်း ချောင်းသာတိုက်နယ် ကျန်းမာရေးဌာန၊ ကြီးကြပ်ရေးမှူး (၁) ဦးထွန်းအောင်ကိုထံမှ သိရသည်။
အတည်ပြုလူနာ အသက် (၅၀) နှစ် အမျိုးသားနှင့် အသက် (၄၇) နှစ် အမျိုးသမီးတို့သည် ချောင်းသ မြို့ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်ကြသူများဖြစ်ပြီး အမျိုးသားသည် ကံထူးအောင် ခရီးသည်ပို့ဆောင်ရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေပြီး၊ အမျိုးသမီးသည် ချောင်းသာမြို့ ရွှေသာယာမြို့မစျေးတွင် သားငါးရောင်းချနေသူ တစ်ဦးဖြစ်ပါသည်။
အဆိုပါ ပိုးတွေ့လူနာနှစ်ဦးအား ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်ခဲ့ပြီး၊ချောင်းသာမြို့ အဝေးပြေးကားကွင်းနှင့် မြို့မစျေးတို့အား ကျန်းမာရေးဌာနဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့မှဝန်ထမ်းများ က ပိုးသတ်ဆေးဖြန်းခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။