ပုဗ္ဗသီရိ ဇွန် ၂၄
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပရဟိတကျောင်းများသို့ ကျန်းမာရေးသုံးပစ္စည်းများနှင့် လှူဖွယ်ဝတ္ထုများ သွားရောက် လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ လယ်သာကျေးရွာအနီးရှိ အဝါရောင် မျိုးဆက်သစ် လူငယ်ပရဟိတကျောင်း (YGW)ဓမ္မာရုံ၌ ကျန်းမာရေးသုံးပစ္စည်းများနှင့် လှူဖွယ် ဝတ္ထုများကို ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကျောင်းထိုင် ဆရာတော် ဥူးနဒ္ဒိယပါ သံဃာနှစ်ပါး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာဆရာမများ တက်ရောက်ခဲ့သည်။
ထို့နောက် ကျောင်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့်အညီ စာသင်ကြားနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်အတွင်းရှိ "အေးမေတ္တာစံ" တောင်နီကလေးကျောင်းနှင့် သပြေတန်း ကျေးရွာအုပ်စု ရန်အောင်ကျေးရွာရှိ "ချမ်းမြေ့သိင်္ဂီ" သီလရှင်စာသင်တိုက်သို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးနှင့်အညီ စာသင်ကြားနိုင်ရေး၊ ကျန်းမာရေးအသိ၊ လုံခြုံရေးအသိရှိစေရန်နှင့် ကျောင်းဆောင်အခန်းများ လေဝင်လေထွက်ကောင်းစေရေး မှာကြားကာ MASK ဘူးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
သန္တာလင်း