ထန်တလန် ဇွန် ၂၄
ချင်းပြည်နယ်၊ ထန်တလန်မြို့၊အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ်Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါသံသယရှိသူ(၄၀)ဦးအား စစ်ဆေးခဲ့ရာ ကျား(၆)ဦး၊မ(၄)ဦး၊ စုစုပေါင်း (၁၀)ဦးထံမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးရှိသူ လူနာများအား အခြားသူများနှင့် ထိတွေ့မှုမရှိစေဘဲ ၎င်းတို့၏ နေအိမ်၌ Home Quarantine ထားရှိကာ ၎င်းနေအိမ်များအား အသွားအလာကန့်သတ် ထားရှိပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထန်တလန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ စစ်ဆေးခြင်းကို ဇွန်လ (၁၇)ရက်နေ့နှင့် ဇွန် ၂၄ ရက်နေ့အထိ သံသယဖြစ်သူ(၁၀၀)ဦးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပိုးတွေ့လူနာ ကျား(၁၀)ဦး၊ မ(၁၁)ဦး စုစုပေါင်း(၂၁)ဦးအနက် ကျား(၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)