နမ့်ဆန် ဇွန် ၂၄
၂၀၂၁ ခုနှစ်၊ ဇွန် လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (နမ့်ဆန်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နံနက် ၁ဝ နာရီက ရုံးပေါင်းစုံဝင်းအတွင်းရှိ ဌာနဆိုင်ရာများ သို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းသည့်နည်းလမ်းများ၊ မူးဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ ဆောင်ပုဒ်၊ ကဗျာနှင့် ကာတွန်းတို့ ပါဝင်သည်။
နန်းဆိုင်လီခမ်း