ပင်လောင်း ဇွန် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ အသွားအလာကန့်သတ် စောင့်ကြည့်ရာနေရာများ ထားရှိမှုနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြိုတင် ကာကွယ်နိုင်ခြင်း အဓိကအချက်ဖြစ်သည့် မိမိကိုယ်ကို ရောဂါကူးစက်မှုမရှိအောင် သွားလာ နေထိုင်ခြင်း၊ မြို့နယ်အတွင်း ရောဂါကူးစက်မှုမရှိစေရေး နေရပ်ပြန်ပြည်သူများရှိပါက နေအိမ်တွင် စည်းကမ်းတကျ နေထိုင်ခြင်း၊ ကုန်တင်ယာဉ်၊ ခရီးသည်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များအား ကျန်းမာရေး စစ်ဆေးခြင်း၊ ခရီးသည်များကို ကိုယ်အပူချိန် တိုင်တာပေးခြင်း၊ ဖျားနာမှုရှိပါက ဆေးခန်းသို့မသွားဘဲ ဆေးရုံသို့ လာရောက်ကုသရန်လိုအပ်ကြောင်း ပြောကြား သည်။ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စောင့်ကြည့်စစ်ဆေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် များ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)