ရသေ့တောင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ

ရသေ့တောင် ဇွန် ၂၅

 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များအား ယနေ့ နံနက်ပိုင်းက ဖြန့်ဝေခဲ့သည်။

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အနေဖြင့် ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ    မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အကြောင်း အရာ များကို ပြည်သူများမှ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဌာနကထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များဖြင့် အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ် ဆေးဝါး ပြဿနာကို ဖြေရှင်းသည့်နည်းလမ်းများ၊ မူးယစ်ဆေးသုံးစွဲမှု ကြောင့် ဖြစ်ပေါ်တတ်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ပညာပေးကဗျာ ကာတွန်းများ၊ ဆေးလိပ်ငွေ့ကြောင့် ဖြစ်ပေါ်တတ်သော အန္တရာယ်များစသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ထည့်သွင်း ဖော်ပြထားရှိကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များအား “ အနာဂတ်ပန်းများ ပွင့်လန်းဖို့ ယူးယစ် အန္တရာယ်ကာကွယ်စို့ “ ဆောင်ပုဒ်နှင့်အညီ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးအန္တရာယ်မှကင်းဝေးစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူစည်ကားရာ နေရာများ၊ လမ်းဆုံလမ်းခွများတွင် ရပ်ကွက်ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ ကလေးငယ် များ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အောင်စံထွန်း