ဝေါလေမြိုင် ဇွန် ၂၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၊ ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျော်လွှားဘားအံ ကုမ္ပဏီတို့ပူးပေါင်း၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင် စေရေးနှင့် ကျေးလက်နေပြည်သူများ အဆင်ပြေချောမွေ့ စေရန်ရည်ရွယ်၍ တစ်အိမ်သုံး ဆိုလာ ပါဝါများအား ဝေါလေမြိုင်မြို့ရှိ ကျေးရွာများသို့ ဖြန့်ဝေပေးအပ်ခြင်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ဆိုလာပါဝါများ ပေးအပ်ရာတွင် မော်ခီးကျေးရွာအုပ်စုရှိ မောကလိုးကျေးရွာတွင် (၂၇)စုံ၊ ကော့ချက်ကျေးရွာ ဆေးပေးခန်းတွင် (၁)စုံ၊ ထီးသဲလယ်ကျေးရွာအုပ်စုရှိ ထီးကပလာ ဘုန်းကြီးကျောင်းတွင် (၁)စုံ၊ ပနော်ထ ဘုန်းကြီးကျောင်းတွင်(၁)စုံ၊ ရေပူ ဘုန်းကြီးကျောင်းတွင် (၁)စုံနှင့် ဝေါလေမြိုင်မြို့ရှိ သုခမြိုင်ဘုန်းကြီးကျောင်းတွင် (၁)စုံ စုစုပေါင်း ဆိုလာပါဝါ (၃၂)စုံကို သွားရောက်ပေးအပ် တပ်ဆင်ပေးခဲ့ကြောင်းသိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)