တမူး ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၉)နာရီက ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆွေသက်အောင်နှင့်ဝန်ထမ်းများမှ မြို့မစည်ပင်သာယာ စျေးရှိ စျေးရောင်း/ စျေးဝယ်သူများ၊ လူစည်ကားသည့် လမ်းများနှင့်စျေးဆိုင်များတို့တွင် အများပြည်သူများ လေ့လာဖတ်ရှုနိုင်ရန် အတွက် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင်မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ ၊မူးယစ် ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊မူးယစ်ဆေး အန္တရာယ် ရှောင်ကြဉ်ဖွယ်ရာများ ၊မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ ကမ္ဘာ့ရန်သူဘိန်းဖြူ စသည့်ကဗျာ များ၊ ဆောင်ပုဒ်များ၊ကာတွန်းများဖြင့် ဝေဝေဆာဆာ ဖော်ပြ ထားသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တမူးခရိုင်ရုံးမှ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေသည့်အပြင် အများပြည် သူများ လေ့လာဖတ်ရှုနိုင်ရန် ပြည်သူ့စာကြည့်တိုက်တွင် လည်းထားရှိထားကြောင်းသိရှိရသည်။
ကျော်သူရ