မချမ်းဘော့ ဇွန် ၂၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ၂၀၂၁ခုနှစ်၊ ဇွန်(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်း၀ယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ကို ယမန်နေ့ ညနေ(၃)နာရီတွင် မချမ်းဘော့မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အထကမချမ်းဘော့မှ ကျောင်းသူ/ကျောင်းသား များထံသို့ လက်ဝယ်အရောက်ဖြန့်ဝေ ပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဉ်ဖွယ် ၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူ၊ မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးစွဲ သူဖေးမကူ ကာတွန်း၊ကဗျာ၊ဆောင်ပုဒ်များ စသည့် အသိပညာပေး အကြောင်းအရာများဖြင့် ရေးသားဖော်ပြထားသော အသိပညာပေး လက်ကမ်းစာစောင် (၂၀၀)စောင် ဖြန့်ဝေပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှတာဝန်ခံ ထုတ်ဝေကာ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းများအဖြစ် အသိပညာပေးဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
မြို့နယ်ပြန်/ဆက်