သတင်းများ

ကော့ကရိတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 25,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် “သတင်းစကား”လက်ကမ်းစာစောင်များကို  ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီအချိန်က  အခြေခံပညာကျောင်းများရှိ ကျောင်းသား / သူများနှင့် ကော့ကရိတ်မြို့ရှိ စျေး၊ တက္ကစီဂိတ်များနှင့် ဘုရင့်နောင်လမ်းဆုံတို့၌ သွားလာလျက်ရှိသည့် ပြည်သူများအား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
 ဇေယျာသီရိမြို့နယ်၌ စာဖတ်ဝိုင်း ဆောင်ရွက်
Jun 25,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက် ၁၀  နာရီတွင်  စာအုပ်စာစောင်  ချစ်မြတ်နိုးသူများအသင်း  (Book Club)  စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပခဲ့သည်။          
ထားဝယ်မြို့တွင် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပညာပေးနှင့် ကျေးရွာခေါင်းဆောင်မှု သင်တန်းပေးခြင်း အခမ်းအနားကျင်းပ
Jun 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြိုနယ်အတွင်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth) ပညာပေး နှင့် ကျေးရွာ ခေါင်းဆောင်မှု သင်တန်းပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မဘိမ်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီခွဲအချိန် က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ /မများ၊ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများထံ လက်ဝယ်အရောက် အခမဲ့ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ဂန့်ဂါကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာပညာပေးဟောပြောပွဲကျင်းပ
Jun 25,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဂန့်ဂါကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် ယနေ့ နံနက် ၁၀နာရီအချိန်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခဲ့ကြောင်း ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒေါ်တင်တင်စိန် (လက်ထောက် ညွှန်ကြားရေးမှူး)ထံကသိရသည်။
သံတောင်ကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 25,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်  ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက မြို့နယ် ဦးစီးမှူး နော်လော်မူနှင့်ဝန်ထမ်းများက လမ်းဆုံများ၊ လူအသွားအလာများသည့်နေရာများနှင့် ဌာနဆိုင်ရာရုံးများ၊ ကုန်စုံဆိုင်များတွင်  အခမဲ့သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
တရားဝင်မှတ်ပုံတင်ထားသော သတင်းဂျာနယ်များ၊ သတင်းအေဂျင်စီများနှင့် သတင်းဌာနများအားလုံး သတင်းရယူနိုင်ရေး ဖိတ်ကြားခြင်း
Jun 25,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီးပွဲအခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များ နှင့်အညီ အောက်ပါနေရာများတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ပင်းတယမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 25,2021
လေထုသန့်စင်ရန်နှင့် ရာသီဥတုမျှတစေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝ သယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့နိုင်စေရန် ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု လူထုပူးပေါင်းပါဝင်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ထယ်သွန်းကျေးရွာအုပ်စု ဘုရားနီကျေးရွာ မူလတန်းကျောင်း အနီး၌ ယနေ့နံနက် ၁၀ နာရီအချိန် က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။