သဲကုန်း ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့က ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းဦး၊ အမှုဆောင်အရာရှိ ဦးအေးကျော်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သဲကုန်းမြို့နယ်အတွင်းရှိ ပုတီးကုန်း၊ အင်းမ၊ ဝက်ပုတ်၊ ဆင်မြီးဆွဲမြို့များတွင် ရောင်းချနေသော စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက် စည်းကမ်းများနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပြီး သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ခြင်းမရှိသေးသော စားသောက်ဆိုင်များအား နောက်တစ်ကြိမ် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ သိရှိရသည်။
နိုင်လင်း