သာယာဝတီခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများ ရရှိစေရန် နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရေး လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်သည်။