မဘိမ်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မဘိမ်း    ဇွန်  ၂၅            

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ယနေ့နံနက် ၈ နာရီခွဲအချိန် က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ /မများ၊ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများထံ လက်ဝယ်အရောက် အခမဲ့ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်း အရင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ဖွယ် အချက်များ၊ မုံရွာဝင်းဖေရေးသားသော ကမ္ဘာ့ရန်သူဘိန်းဖြူကဗျာနှင့် အသိပညာပေးကာတွန်းများ ပါဝင်ကြောင်း သိရသည်။ 

မျိုးမင်း