သံတောင်ကြီး ဇွန် ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက မြို့နယ် ဦးစီးမှူး နော်လော်မူနှင့်ဝန်ထမ်းများက လမ်းဆုံများ၊ လူအသွားအလာများသည့်နေရာများနှင့် ဌာနဆိုင်ရာရုံးများ၊ ကုန်စုံဆိုင်များတွင် အခမဲ့သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းရင်းများ၊ မူးယစ်ဆေးဝါး ပြဿာနာကိုအဖြေရှာခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူ(ကဗျာ)၊ မူးယစ်ဆေးဝါး သုံးစွဲသူဖေးမကူ စသည့်ဆောင်ပုဒ်များ၊ ကာတွန်းများ ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)