ညောင်ဦး ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဂန့်ဂါကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် ယနေ့ နံနက် ၁၀နာရီအချိန်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခဲ့ကြောင်း ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒေါ်တင်တင်စိန် (လက်ထောက် ညွှန်ကြားရေးမှူး)ထံကသိရသည်။
အဆိုပါ ကလေးသူငယ်အခွင့်အရေးဆိုင်ရာပညာပေးဟောပြောပွဲတွင် ညောင်ဦးခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်တင်တင်စိန်(လက်ထောက်ညွှန်ကြားရေးမှူး)မှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ပါ အကြောင်းအရာများ၊ CRC စာချုပ်ရဲ့ အခြေခံမူ (၄)ရပ်ဖြစ်တဲ့၊အကောင်းဆုံးဖြစ်ထွန်းစေရေးမူ၊ ခွဲခြားဆက်ဆံရေးမရှိစေရေးမူ၊ အသက်ရှင်သန်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်စေရေးမူ၊ ပူးပေါင်းဆောင်ရွက်စေရေးမူအကြောင်း အရာများ၊ကလေးသူငယ်အခွင့်အရေး(၄)ရပ်၊ ကလေးသူငယ်အခွင့်အရေးများ၊ ကလေး သူငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးဖို့ ပြုစုပျိုးထောင်ခြင်းနှင့် ကလေးသူငယ်၏ကျင့်ဝတ် စည်းကမ်း များနှင့်မိဘအုပ်ထိန်းသူနှင့် ဆရာဆရာမများ၏ တာဝန်ဝတ္တရားများ စသည်တို့ကို အကျယ်တဝင့် ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောပွဲသို့ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦး၊ ဂန့်ဂါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဆရာ/မများနှင့်ကျောင်းသား ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များတက်ရောက်ခဲ့ကြပြီး ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရကာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လက်ကမ်းစာစောင်များ အမှတ်တရလက်ဆောင်များအား ဆရာဆရာမများကို ပေးအပ် ခဲ့ကြောင်းလည်း သိရသည်။
ကိုထိန်၊KPD