ဇေယျာသီရိမြို့နယ်၌ စာဖတ်ဝိုင်း ဆောင်ရွက်

နေပြည်တော် ဇွန် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက် ၁၀  နာရီတွင်  စာအုပ်စာစောင်  ချစ်မြတ်နိုးသူများအသင်း  (Book Club)  စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပခဲ့သည်။          

ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဒေါ်မြစန်းရီက စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်း နှင့်စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဇေယျာသီရိမြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book    Club)   အဖွဲ့ဝင်ဖြစ်သည့် ဦးဇော်မင်းထိုက်က ဦးဆောင်၍ စာရေးဆရာ ဒေါက်တာမြင့်သန်းထွန်း ရေးသားသော “ပြည်သူ့ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ကျန်းမာရေး ဆောင်ပါးများ”  စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆွေးနွေးပွဲသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ၊ စာပေချစ်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးလင်းထွန်း (ပြန်/ဆက်)