ရန်ကုန် ဇွန် ၂၄
၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီးပွဲအခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ အောက်ပါနေရာများတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တရားဝင်မှတ်ပုံတင်ထားသော သတင်းဂျာနယ်များ၊ သတင်းအေဂျင်စီများနှင့် သတင်းဌာနများ အားလုံးသည် အောင်မြေသာစံမြို့နယ်၊ ရွှေမန်းတောင် အားကစားကွင်းနှင့် ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန် (အေးရိပ်ငြိမ်) စသည့် နေရာများတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရားဝင်မှတ်ပုံတင်ထားသော သတင်းဂျာနယ်များ၊ သတင်းအေဂျင်စီ များနှင့် သတင်းဌာနများအားလုံးသည် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ဒဂုံဧရာကုန်တင်ယာဉ်ရပ် နားကွင်းနှင့် ထိန်ပင်အမှိုက်ပုံ တို့တွင်လည်းကောင်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အတွင်းရှိ တရားဝင် မှတ်ပုံတင်ထားသော သတင်းဂျာနယ်များ၊ သတင်းအေဂျင်စီများနှင့် သတင်းဌာနများအားလုံးသည် အဝေရာမီးပုံးပျံကွင်းနှင့် နန်းဟူးကျေးရွာအုပ်စု၊ မံတလင်းကျေးရွာအနီး၊ ကျောက်ကွင်းနေရာများတွင် လည်းကောင်း အခမ်းအနားများ ကျင်းပပြုလုပ်မည်ဖြစ်၍ သတင်းရယူမည့် တရားဝင်မှတ်ပုံတင် ထားသော သတင်းဂျာနယ်များ၊ သတင်း အေဂျင်စီများနှင့် သတင်းဌာနများအားလုံးသည် ယာယီဒုတိယ ရဲမှူးကြီး အုန်းခိုင် ၀၉-၅၀၁၇၉၀၁ (မန္တလေးမြို့)၊ ဒုတိယရဲမှူးကြီး မိုးအောင် ၀၉- ၅၀၄၈၃၀၆ (ရန်ကုန်မြို့)နှင့် ဒုတိယရဲမှူးကြီး လင်းထွဋ်မြင့် ၀၉ -၅၁၈၅၉၈၉ (တောင်ကြီးမြို့)တို့ကို ဆက်သွယ်၍ သတင်းရယူနိုင် ပါကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ထုတ်ပြန်ကြေညာထားကြောင်း သတင်းရရှိသည်။
စန္ဒာမိုး