ကော့ကရိတ် ဇွန် ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် “သတင်းစကား”လက်ကမ်းစာစောင်များကို ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာကျောင်းများရှိ ကျောင်းသား / သူများနှင့် ကော့ကရိတ်မြို့ရှိ စျေး၊ တက္ကစီဂိတ်များနှင့် ဘုရင့်နောင်လမ်းဆုံတို့၌ သွားလာလျက်ရှိသည့် ပြည်သူများအား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းသည့်နည်းလမ်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ ပညာပေးကဗျာများနှင့် ဆောင်ပုဒ်များပါဝင်ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန် / ဆက်)