တွံတေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် တွံတေးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ဆေးဖြန့်ခြင်းများ ဆောင်ရွက်

တွံတေး   ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြိုနယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် တွံတေးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများအား ဆေးဖြန့်ခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စာသင်ကျောင်းများတွင် ကျောင်းတက်နေကြသော ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံပွားမှု မရှိစေရေးအတွက် ဆေးဖြန်းခြင်းကို တွံတေးမြို့နယ် ကိုဗစ် -၁၉ ကူညီ

ကာကွယ်ရေးအဖွဲ့မှ အခြေခံပညာအထက်တန်းကျောင်း ( ခွဲ)ကျွန်းတောနှင့် အခြေခံပညာ

မူလတန်း (လွန်) ကျောင်းတွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျောင်းဆောင်များအတွင်း ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။