မြောင်းမြ ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ဝါသနာပါသူများအား စာပေနှင့်စဉ်ဆက်မပြတ် ထိတွေ့စေရေးအတွက် Mobile Library စာဌားစနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းမှာ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာငှားစာဖတ်မပြုလုပ်နိုင်သော ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဗဟုသုတဖြစ်ဖွယ် သုတ/ရသ စာပေများကို ယူဆောင်ငှားရမ်းပေးခြင်းအပြင် စာဖတ်သူများ ဖတ်ရှုလိုရာ စာအုပ်များကို အပတ်စဉ် သွားရောက်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကေခိုင်စိုး