အုတ်ဖို ဇွန် ၃၀
မြို့တော်ခန်းမ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအဖြစ် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုတွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် မြို့တော်ခန်းမရှေ့ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။
အဆိုပါလမ်းမှာ ယခင်က မြေသားဖြစ်တဲ့ပြီး မြို့တော်သာယာလှပရေးအတွက် မြို့တော်ခန်းမ အင်္ဂါရပ်နှင့် အညီဖြစ်စေရန် ခန်းမအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအဖြစ် မြို့တော်ခန်းမ အဝင်လမ်းအား အရှည် ပေ ၈၀၊ အကျယ် ပေ ၁၂ ပေ၊ အမြင့် ၈ လက်မဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်ထံမှ သိရသည်။ ယခုအခါ အဆိုပါ လုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်တဲ့အတွက် မြို့တော် ခန်းမမှာ မြို့၏ လူစီကားရာနေရာဖြစ်တဲ့အတွက် ဥပဓိရုပ်ကောင်းမွန်လာပြီး အခမ်းအနားများ ကျင်းပရာ တွင် ခမ်းခမ်းနားနား ဖြစ်စေမှာဖြစ်ကြောင်း သိရသည်။
အောင်သူ