စဉ့်ကိုင် ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်မြို့ပြနှင့်ကျေးလက် ကွာဟမှု လျှော့နည်းလာစေရေးအတွက်ရည်ရွယ်ပြီး ပဉ္စမကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ များထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက တက်မျှောကျေးရွာနှင့်ဒေါင်ကြီးကွေ့ကျေးရွာတို့ကို စီမံကိန်းချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်၊၊
ထိုသို့ စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးရခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်တင်မြင့်ခိုင်နှင့်တာဝန်ခံဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ တက်မျှောကျေးရွာရှိစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၃)ဦးအတွက် ငွေကျပ် (၁၂၈၅၀၀၀၀) ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၂၅)ဦးအတွက် ငွေကျပ်(၁၇၃၀၀၀၀၀) ၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၆)ဦးအတွက် ငွေကျပ်(၄၅၀၀၀၀၀) ၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ (၁၃)ဦးအတွက် ငွေကျပ်(၈၄၅၀၀၀၀) စုစုပေါင်း ငွေကျပ်( ၄၃၁၀၀၀၀၀ )သိန်းနှင့် ဒေါင်ကြီးကွေ့ကျေးရွာမှ စိုက်ပျိူးရေးလုပ်ငန်းလုပ်ကိုင်သူ(၅၄)ဦးအတွက် ငွေကျပ်(၂၉၃၀၀၀၀၀) ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၄၂)ဦးအတွက် ငွေကျပ်(၁၈၃၀၀၀၀၀) ၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၆)ဦးအတွက် ငွေကျပ် (၃၄၀၀၀၀၀)စုစုပေါင်း ငွေကျပ်(၅၁၀၀၀၀၀၀)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြစ်သည့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း ၊ကျေးလက်ကုန်ထုတ်လမ်းများဖောက်လုပ်ခြင်းစသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရှာ တက်မျှောကျေးရွာနှင့်ဒေါင်ကြီးကွေ့ကျေးရွာတို့ကို ၂၀၁၆−၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ထုတ်ချေးပေးခဲ့ပြီး ယခုထုတ်ချေးပေးခြင်းသည် ပဉ္စမအကြိမ်မြောက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဦးအေးမင်းနိုင်ထံက သိရသည်။
အောင်ပိုင်ပိုင်ကျော်