တံတားဦးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တံတားဦး   ဇွန်   ၃၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပကြောင်းသိရသည် ။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက “ကလေးသူငယ်အခွင့်အရေးများနှင့် နစ်နာဆုံးရှုံးမှုများ ၊ နိုင်ငံတကာနှင့် နေရာအနှံ့အပြား တွင် ဖြစ်ပေါ်နေမှုများ ၊ ကလေးသူငယ်များကို ဥပဒေနှင့်အညီ ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြ စေလိုကြောင်းနှင့် အရွယ်ရောက်ပြီးသူများ အနေဖြင့်လည်း ကလေးသူငယ်များအား ဝိုင်းဝန်းကာကွယ် ကူညီစောင့်ရှောက်ကြစေလိုကြောင်း ပြောကြားပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းမှ ဦးစီးအရာရှိ  ဒေါ်နွယ်နွယ်အောင်က သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ခံရသော  ကလေးများအား ကူညီဆောင်ရွက်ပေးမှုများနှင့် ကလေးသူငယ်များနှင့် ပတ်သက်သော လုပ်ငန်းများဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကိစ္စရပ်များပေါ်ပေါက်လာပါက ကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုနှင့်ကော်မတီအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည် ။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကော်မဝင်များက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာနှင့် ပတ်သက်၍ ဆွေးနွေး  တင်ပြရာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည် ။

ရဲတင့်(တံတားဦး)