သုံးခွ ဇွန် ၃၀
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လာသည့်အတွက် သုံးခွမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်စေရေး နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် ယမန်နေ့ မွန်းလွဲ၃နာရီက နှာခေါင်းစည်း Mask များ တပ်ဆင်ပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်းများ ဖြန့်ဝေပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ ကျောင်တက်ရာတွင် Mask စနစ်တကျ တပ်ဆင်သွားလာတတ်စေရန်နှင့် လက်သန့်ဆေးရည် စနစ်တကျ အသုံးပြုတက် စေရန်နှင့် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာစေရေးအတွက် အသိပညာပေး ဆောင်ရွက်ပေးခြင်းဖြစ်ပြီး နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများကို နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။