ကျောက်ဆည် ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ မြင်းစိုင်းခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက ကျောက်ဆည် ခရိုင်အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်တို့ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းများရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်ဆံသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးရာ ပိုးတွေ့ရှိသူ(၁၉)ဦး ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိလူနာနှင့် ထိစပ်ခဲ့သူအမျိုးသား(၂၂)ဦး၊ အမျိုးသမီး(၆)ဦး စုစုပေါင်း (၂၈)ဦးအား Test Kit ဖြင့်စစ်ဆေးရာ အမျိုးသား(၁၄)ဦး၊အမျိုးသမီး(၅)ဦး၊ စုစုပေါင်း(၁၉)ဦး တို့တွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများအား လူမှုကူညီရေးအသင်း(ကျောက်ဆည်)မှ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ လက်ခံစောင့်ကြည့် ကုသပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)