မိုင်းပန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်နေသည့် လုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိုင်းပန် ဇွန် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်၌ မိုင်းပန်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေတို့ဖြင့် တည်ဆောက်နေသည့် ပေ(၁ဝဝx၃ဝ) ပွဲကြည့်စင်၊ မီတာ (၄ဝဝ) ပြေးလမ်းနှင့် စကိုးလ်ဘုတ် ဆောက်လုပ်နေမှုအခြေအနေအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးစီးအရာရှိ(မြို့ပြ) ဦးနိုင်လင်းခိုင်နှင့် ကော်မတီဝင်များမှ ဆောက်လုပ်ရေးလုပ်ငန်းများအား ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းနှင့် ပေ (၁ဝဝx၃ဝ) ပွဲကြည့်စင်အား ဇေလင်းထက်ကုမ္ပဏီမှ ပြည်ထောင်စုရန်ပုံငွေ (၁၄၇.ဝဝဝ)သန်းဖြင့် (၂၄.၃.၂ဝ၂၁) ရက်နေ့မှစ၍ တာဝန်ယူဆောင်ရွက် လျက်ရှိပြီး ယခုအခါ လုပ်ငန်းပြီးစီးမှု (၅ဝ) ရာခိုင်နှုန်းရှိပြီးဖြစ်ကြောင်း၊ မီတာ (၄ဝဝ) ပြေးလမ်းနှင့် စကိုးလ်ဘုတ်အား ပိုင်ဖြိုးခန့်ကုမ္ပဏီမှ ပြည်နယ်ရန်ပုံငွေ (၄၅.၉ဝ၈)သန်းဖြင့် (၂ဝ.၆.၂ဝ၂၁) ရက်နေ့မှစ၍ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းပြီးစီးမှု (၂၅) ရာခိုင်နှုန်းရှိပြီးဖြစ်ကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မိုင်းပန်(ပြန်/ဆက်)