သဲကုန်း ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်တွင် သဲကုန်းမြို့နယ်အတွင်း မိုးသီးနှံများ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု အတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဝင်း က ထောက်ပံ့ငွေပေးအပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာအုပ်စု(၅)အုပ်စုရှိ ရေကြီးနစ်မြုပ်ဧက စုစုပေါင်း(၅၈၄)ဧကအတွက် တစ်ဧက တစ်သောင်းနှုန်းဖြင့် ထောက်ပံငွေ စုစုပေါင်း ၅၈၄၀၀၀၀ ကျပ်အား တာဝန်ရှိသူများမှ ပေးအပ်ခဲ့ရာ သက်ဆိုင် ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများမှ လက်ခံရယူခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက် ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်လင်း